ရခိုင်ပြည်နယ်

ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌ စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့နေ့လယ်(၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မအီမြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း( Booster dose) ထိုးနှံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါ  ထပ်ဆောင်း(Booster dose) ကာကွယ်ဆေး (Myancopharm) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လက်ပံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် စုရပ်ထားရှိ၍ မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဦးလှဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် န​ယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေး

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်​ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအားအခမဲ့ကျန်းမာရေးကာကွယ်စောင့်ရှောက်ခြင်းကို ဆက်လက်ပြီး ရာမောင်ခန်းမတွင်ဆောင်ရွက်ပေးလျက်ရှိသည်။

မင်းပြားမြို့၌   စက်သုံးဆီဆိုင်များအား   မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအတွက် ကွင်းဆင်းဆောင်ရွက်

ယခုအချိန်သည် ပူပြင်းခြောက်သွေ့သည့်နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအတွက် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များအား မင်းပြားမြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများက ယမန်နေ့ကကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သံတွဲခရိုင်၊ အမကငပလီကျောင်း၌ လူငယ်းရေးရာမူးယစ်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ် စာစောင်ပြပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီကျောင်းခန်းမ၌ ငပလီမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့်မူးယစ် ဆေးဝါးအန္တရယ်ကာကွယ်ရှောင်ရှားနိုင်ရေးများကို သိရှိစေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁နာရီအချိန်ကအမ ကငပလီကျောင်းတွင် ကျင်းပခဲ့သည်။

မင်းပြားမြို့၌ လူငယ်များဘက်စုံထူးချွန်စေရန် လူငယ်စကားဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ လူငယ်များဘက်စုံထူးချွန်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကိုအမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ကျောက်ဖြူမြို့၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အမက(အောက်ရွာ)ကျောင်း၊ အလက(ငလပွေ့)ကျောင်းနှင့် အလက(ကုလားဘာတောင်) (မြို့)ကျောင်းများမှ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါကျောင်းများသို့သွား‌ရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိသည်။

အမ်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များရင့်သန်လာစေရန်၊ အကောင်းအဆိုး/အမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့်ချင့်ချိန်၍ဆုံးဖြတ်ချက်များချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ ဆိုရဲသည့်သတ္တိရှိစေပြီး နုတ်မှုစွမ်းရည်များတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်အချိန်တွင်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ကျင်းပခဲ့သည်။

ဂွမြို့တွင် အချိုမှုန့်၏ အန္တရာယ်အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် စာသုံးသူရေးရာဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ အချိုမှုန့်၏ အန္တရာယ်အသိပညာပေး  ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း စာကြည့်တိုက်သို့စာပေလာရောက် လေ့လာဖတ်ရှုသူများနှင့် ပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်