ဂွမြို့နယ်တွင် အလယ်ချောင်းကျေးရွာ၊ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ဂွ  ဇန်နဝါရီ   ၂၄

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ (နိုင်ငံတော်ထောက်ပံ့ငွေ)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်က ယမန်နေ့၊ နေ့လယ်ပိုင်းက အလယ် ချောင်းကျေးရွာ အုပ်စုအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မကျေးငူကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ (နိုင်ငံတော်ထောက်ပံ့ခွင့်ပြု ရန်ပုံငွေ) ကျပ်သန်းပေါင်း (၁၁.၇၆)အကုန်ကျခံခဲ့ပြီးလမ်းအရှည်  (၇၁၅)ပေ၊အကျယ် (၇)ပေ၊လမ်းထု(၆) လက်မရှိ ကွန်ကရစ်လမ်းသစ်ကြီးကို ကျေးရွာကော်မတီဝင်များက တာဝန်ယူ ဆောင်ရွက်ခဲ့ခြင် ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်