ကျောက်ဖြူ ဇန်နဝါရီ ၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ နဝရတ်ခန်းမတွင် ထိုးနှံပေးလျက်ရှိ သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း(Booster Dose) မထိုးနှံမီ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ကျန်းမာရေးမှူး ဒေါ်စန်းစန်းနွယ် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။ ပုံမှန်အနေထားရှိမှသာ ကာကွယ်ဆေးအား စနစ်တကျထိုးနှံပေးခဲ့ပြီး ၃၀ မိနစ် ခေတ္တအနားယူစေခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း(Booster Dose)အား ကျောင်းသား ၁၇၁ ဦး၊ ကျောင်းသူ ၁၅၀ ဦး စုစုပေါင်း ၃၂၁ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း