ရခိုင်ပြည်နယ်

သံတွဲခရိုင်  လူထုအခြေပြုဗဟိုဌာန (Community Centre) ၌  Youth Club နှင့်စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ် သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Youth Clubနှင့် စာရေးဆရာအကြီးကိုကို(ကသာ)ရေးသားသည့် “သားနဲ့သမီးအတွက် ဖေဖေ့နှလုံးသွေးစက်”စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀နာရီက အဆိုပါအဆောက်အဦး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက-၂ ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက-၂ ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ခန်းမ၌ကျင်းပပြုလုပ်သည်။

ကျောက်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက-၂ ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက-၂ ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ခန်းမ၌ကျင်းပပြုလုပ်သည်။

မြောက်ဦးခရိုင်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နေ့လယ် ၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူများအား မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုများဆောင်ရွက်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာ ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က မီးငြှိမ်းသတ်ရေးနှင့် လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၏ ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

­ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အဆိုပါကျောင်းတွင်ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ် ဆေး ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်  ထိုးနှံပြီးစီးမှုကာလ (၅)လပြည့်ပြီးသော အသက် (၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများအား (Myancopharm)ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (Booster dose) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေး လျက်ရှိ​ကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တောမြို့၌ အမှတ်(၁)နှင့်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများတွင် မူးယစ်ဆေးဝါး နှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး  အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင်ပြလုပ်ခဲ့သည်။

စစ်တွေမြို့၌ တိပိဋကာလင်္ကာရစာမေးပွဲနှင့် ရက္ခပူရသာသနာလင်္ကာရ စာမေးပွဲ ကျင်းပ

စစ်တွေမြို့ ရက္ခပူရသာသနာလင်္ကာရအသင်းကြီးက ကြီးမှူးကျင်းပသော (တတိယ)အကြိမ် တိပိဋကာလင်္ကာရစာမေးပွဲနှင့် (အဋ္ဌမ) အကြိမ် သာသနာလင်္ကာရစာမေးပွဲ ဒုတိနေ့ကို ယမန်နေ့နေ့လယ် ၁၂ နာရီတွင် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပလျက်ရှိရာ ရဟန်း သံဃာများနှင့် ရှင်သာမဏေများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

တောင်ကုတ်မြို့၌ ဆောင်းရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေး Talk Show ပြုလုပ်

တောင်ကုတ်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆောင်းရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများအကြောင်းအသိပညာ ပေးဆွေးနွေးပွဲ Talk Show ကို ဇန်နဝါရီလ၂၃  နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to ရခိုင်ပြည်နယ်