ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၏ ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

မောင်တော ဇန်နဝါရီ  ၂၅

­ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အဆိုပါကျောင်းတွင်ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူလေးများက “ပညာပန်းခင်း” သီချင်းဖြင့်သီဆိုဖျော်ဖြေပေးခဲ့ကြပြီး မောင်တောမြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်းကအမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မော်မော်လွင်ကကျေးဇူးတင်ဝမ်း မြောက်စကားပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူလေးများကအကအလှများ ၊ တေးသီချင်းအမျိုးမျိုးဖြင့်ကပြဖျော်ဖြေပေးခဲ့ကြသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းအတွင်းပြုလုပ်သောကဏ္ဍအသီးသီးတွင် ပညာရည်ချွန်ဆုရရှိသူများ နှင့် အားကစားထူးချွန်ဆုရရှိသော ကျောင်း သား/သူများအား မြို့နယ်ပညာရေးမှူး ၊ ကျောင်းအုပ်ဆရာမကြီး နှင့် တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ပေးကြပြီး  ကျောင်းသား၊ ကျောင်းသူလေးများက   “မြန်မာ့ ကျောင်းသား” သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်ခရိုင်(ပြန်/ဆက်)