မြောက်ဦးခရိုင်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မြောက်ဦး ဇန်နဝါရီ  ၂၅

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နေ့လယ် ၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ ဌာနအသီးတွင် မကြာမှီ budget ပြီးဆုံးတော့မည်ဖြစ်၍ ဌာနအသီးသီးတွင် ဆောင်ရွက်နေသောလုပ်ငန်များ ဆောင်ရွက်ပြီးစီးနိုင်မှုအခြေအနေ ၊ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန် စသည့်အကြောင်းအရာများကို ပြောကြားခဲ့ သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးတင်ထူးလှိုင်မှလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး စီးနိုင်မှုအခြေ၊ ထိုးနှံပြီးသူများကို VMIS စာရင်းရေးသွင်းပြီးစီးမှု အခြေအနေတို့ကို ပြောကြားပြီးနောက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း တစ်လမ်းမောင်းလမ်းကို ဒေသခံပြည်သူများ သိရှိနိုင်ရန်အတွက် လမ်း တစ်လျှောက်တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ အသံချဲ့စက်ဖြင့် ကြေညာ၍ လုပ်ဆောင်လျှက်ရှိသည်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေသကိုယ်စားလှယ် ဦးထွန်းကျော် မှလည်း အိမ်ထောင် စုလူဦးရေစာရင်း အမှန်ရရှိရေး ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေတို့ကို ပြောကြားခဲ့သည်။ ခရိုင်လူ ဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရီုင်ဦးစီးမှူးမှလည်း မြို့နယ်အလိုက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိသည်တို့ကို ပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၏လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအပေါ် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်စိုး၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)