သံတွဲခရိုင်  လူထုအခြေပြုဗဟိုဌာန (Community Centre) ၌  Youth Club နှင့်စာဖတ်ဝိုင်းကျင်းပ

သံတွဲ ဇန်နဝါရီ၂၅

ရခိုင်ပြည်နယ် သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Youth Clubနှင့် စာရေးဆရာအကြီးကိုကို(ကသာ)ရေးသားသည့် “သားနဲ့သမီးအတွက် ဖေဖေ့နှလုံးသွေးစက်”စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀နာရီက အဆိုပါအဆောက်အဦး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိဒေါ်လဲ့လဲ့ဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်  မခွန်းဆက်သင်းက စာရေးဆရာအကြီးကိုကို(ကသာ)ရေးသားသည့် “သားနဲ့သမီးအတွက် ဖေဖေ့နှလုံးသွေးစက်”စာအုပ်မှ “ဘဝအောင်မြင်ဖို့အတွက်သော့ချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေသဇင်ဦး က“ဘဝအတွက်လေ့လာမှတ်သားလိုက်နာပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစန္ဒီအောင်က “အလုပ်အပေါ်ထားရှိရမည့်စိတ်နေသဘောထား”၊မောင်အောင်နေထွန်းက“လောကကိုအလှဆင်တတ်ပါစေ” ခေါင်းစဉ်များဖြင့်အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြရာက ဦးစီးအရာရှိဒေါ်လဲ့လဲ့ဝင်းက ခေါင်းစဉ်တစ်ခုချင်းအလိုက်အသေးစိတ်ပြန်လည်ဆွေးနွေးခဲ့သည်။

အဆိုပါစာအုပ်သည် သားနဲ့သမီးလူငယ်များအတွက်သာမကပဲ နိုင်ငံတာဝန်ကိုအဆင့်အသီးသီးဖြင့် တာဝန်ထမ်းဆောင်နေသူများ၊ ကျောင်းသား/ကျောင်းသူလူငယ်များဘဝတိုးတက်အောင်မြင်ရေးအတွက် ရေးဖွဲ့ထားသောစာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး ဗဟုသုတများစွာရရှိသဖြင့်  လူငယ်များလေ့လာဖတ်ရှု့သင့်သောစာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

 ယခုလိုစာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းဖြင့်  ပြည်သူများနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်ခြင်းကြောင့်ရှိလာသည့်အသိပညာဗဟုသုတများဖြင့် လူမှုစီးပွာရေးဘဝဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။ထို့အပြင်   ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ခရိုင်ပြန်/ဆက်