စစ်တွေမြို့၌ တိပိဋကာလင်္ကာရစာမေးပွဲနှင့် ရက္ခပူရသာသနာလင်္ကာရ စာမေးပွဲ ကျင်းပ

စစ်တွေ  ဇန်နဝါရီ  ၂၅

စစ်တွေမြို့ ရက္ခပူရသာသနာလင်္ကာရအသင်းကြီးက ကြီးမှူးကျင်းပသော (တတိယ)အကြိမ် တိပိဋကာလင်္ကာရစာမေးပွဲနှင့် (အဋ္ဌမ) အကြိမ် သာသနာလင်္ကာရစာမေးပွဲ ဒုတိနေ့ကို ယမန်နေ့နေ့လယ် ၁၂ နာရီတွင် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပလျက်ရှိရာ ရဟန်း သံဃာများနှင့် ရှင်သာမဏေများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ထိုသို့ ကျင်းပလျက်ရှိရာ မူလတန်းတွင် ပထမနေ့(ရှင်ကျင့်ဝတ်)နှင့် ဒုတိယနေ့(ရတနာ့ဂုဏ်ရည်) ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်ပြီး ဥပစာတန်းတွင် ပထမနေ့(သဒ္ဒါ)နှင့် ဒုတိယနေ့(သင်္ဂဟ) ဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်သည်။ အလားတူ တတိယဆင့်တွင် ပထမနေ့(ပါရာဇိကတဏ်+ ပါစိတ်)၊ ဒုတိယနေ့ (အင်္ဂုတ္တိုရ်)၊ ဒုတိယဆင့်တွင် ပထမနေ့(စူဠဝါ+ပရိဝါ) ဒုတိယနေ့(အင်္ဂုတ္တိုရ်) ပထမဆင့်တွင် ပထမနေ့ (မဟာဝါ)၊ ဒုတိယနေ့(အင်္ဂုတ္တိုရ်)ဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် (တတိယ)အကြိမ် တိပိဋကာလင်္ကာရစာမေးပွဲနှင့် (အဋ္ဌမ)အကြိမ် သာသနာ လင်္ကာရ စာမေးပွဲကို စစ်တွေမြို့၊ မြောက်ဦးမြို့၊ ကျောက်ဖြူမြို့နှင့် သံတွဲမြို့များတွင် စာဖြေဌာနများ ခွဲပြီ းကျင်းပလျက်ရှိကြောင်း သိရသည်။

တိပိဋကာလင်္ကာရစာမေးပွဲတွင် စစ်တွေစာဖြေဌာန၌ သံဃာနှစ်ပါးဖြေဆိုလျက်ရှိပြီး ပထမဆင့် တွင် ၁၃ ပါး၊ ဒုတိယဆင့်တွင် ၆ ပါး၊ တတိယဆင့်တွင် ၈ ပါး၊ ဥပစာတန်းတွင် ၂၉ ပါးနှင့် မူလတန်းတွင် ၉၉ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ ထို့အတူ မြောက်ဦးစာဖြေဌာန၌ ဥပစာတန်းတွင် ၉ ပါးနှင့် မူလတန်းတွင် ၂၂ ပါး၊ ကျောက်ဖြူစာဖြေဌာန၌ ဥပစာတန်းတွင် ၇ ပါးနှင့် မူလတန်းတွင် ၅၁ ပါး၊ သံတွဲစာဖြေဌာန၌ ဥပစာတန်းတွင် ၇ ပါးနှင့် မူလတန်းတွင် ၃၇ ပါးဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တိပိဋကာလင်္ကာရစာမေးပွဲနှင့် ရက္ခပူရသာသနာလင်္ကာရ စာမေးပွဲကို ရခိုင်ပြည်နယ်အတွင်းရှိ စာဖြေဌာန အသီးသီးတွင် ၃ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)