ကျောက်ဖြူ ဇန်နဝါရီ ၂၅
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက-၂ ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ Grade-8 တန်းမှ ကျောင်းသား၊ကျောင်းသူလေးများက‘စုံညီပွဲတော် တို့နွှဲပျော်’ သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး မိဘဆရာအသင်းနာယက၊ မြို့နယ်ပညာရေးမှူး(ငြိမ်း)ဦးတင်ရွှေက အဖွင့်အမှာစကားပြောကြားသည်။ထို့နောက် ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ် ရေးမှူးဦးမျိုးမင်းထွဏ်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာ နှင့်မိဘဆရာအသင်းဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငွေသန်းကြည်တို့က အမှာစကားပြောကြားခဲ့သည်။ဆက်လက်ပြီး ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးခင်အေးမောင်က စုံညီပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ဂုဏ်ယူဝမ်းမြောက်စကားပြောကြားပြီး မိဘဆရာအသင်း ဒု-ဥက္ကဋ္ဌ ဦးမြလင်းက ဆုအလှူငွေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းသား၊ကျောင်းသူလေးများမှ ရခိုင်ရိုးရာယိမ်း အကအလှများ၊ တေးသရုပ်ဖော်များ၊ တေးသီချင်းများဖြင့်ကပြဖျော်ဖြေခဲ့ကြပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ခွင့်ရက်မယူဘဲသင်ကြားပြသပေးခဲ့သည့် ဆရာမများ၊ မြို့နယ်အဆင့်လူရည်ချွန်ဆုရရှိကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် ကာယ၊ဉာဏဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ချီးမြှင့်ကာGrade-11 တန်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ‘ဘက်စုံပညာကိုရည်လက်လှမ်းချီ’ သီချင်းကိုသီဆိုဖျော်ဖြေ၍ အခမ်းအနားကိုရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်