ရခိုင်ပြည်နယ် မောင်တောမြို့၌ မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

မောင်တော ဇန်နဝါရီ၂၄

ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တောမြို့၌ အမှတ်(၁)နှင့်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများတွင် မူးယစ်ဆေးဝါး နှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး  အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင်ပြလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၄၆)မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းက မူးယစ်ဆေးဝါးပပျောက်ရေး နှင့်မူးယစ်ဆေးဝါးနှင့်ပတ်သတ်၍ ဆိုးကျိုးများ၊ သုံးစွဲတဲ့အကြောင်းအရင်းများ ၊ မူးယစ်ဆေးဝါးအမျိုးအစားများ ၊ မူးယစ်ဆေးဝါးသုံးစွဲပြီး ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ ၊လူမှုရေးပိုင်ဆိုင်ရာထိခိုက်မှုများ ၊  ပုဒ်မ ၊  ပြစ်မှု ၊ ပြစ်ဒဏ်များအား အသိပညာပေးဟောပြောပြီး အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မောင်တော)မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူးစံမင်းက  လူကုန်ကူးမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ ၊ လူတစ်ဦးသည်အခြားတစ်ဦးကိုအဓမ္မပြည့်ဆန်တာလုပ်ခိုင်းစေခြင်းများ ၊ အခြားကာမဆိုင်ရာကိစ္စ တစ်မျိုးမျိုးပြုလုပ်စေခြင်း ၊ ကျွန်ပြုခြင်း ၊ ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ အမျိုးသမီးများအပေါ်လူကုန်ကူးမှုအခြေအနေများ ၊ တရုတ်နိုင်ငံသို့ရောင်းစားပြီး တရားမဝင်ပေါင်းသင်းနေထိုင်မှုများ ၊ အမျိုးသားများအား ငါးဖမ်းလှေများတွင်အသုံးပြုနေမှုများ ၊ မည်သူမဆို အမျိုးသမီးများ  ကလေးသူငယ် နှင့်လူငယ်များအား လူကုန်ကူးမှုကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှအများဆုံး  ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း စသည့်ပြစ်မှူ၊ပြစ်ဒဏ်များဆောင်ရန်၊ရှောင်ရန်များ မြန်မာနိုင်ငံအတွင်းလူကုန်ကူးမှု တိုင်ကြားနိုင်ရန်အတွက်  လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အရေးပေါ် ဆက်သွယ်ရရှိနိုင်သည့် ဖုန်းနံပါတ်များအားပြောကြားကာ  လူမှောင်ခိုကူးမှု နှင့်လူကုန်ကူးမှုအခြေအ နေများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်း နှင့်တပ်ဖွဲ့ဝင်များ၊  အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မောင်တော)မှ တပ်ဖွဲ့စိတ်မှူး  ဒုတိယရဲမှူး စံမင်း နှင့်တပ်ဖွဲ့ဝင်များ ၊ ကျောင်းအုပ်ကြီး များ ၊ ဆရာ၊ဆရာမများ ၊ကျောင်းသား/ သူများ စုစု ပေါင်း (၁၅၀)ခန့် တက်ရောက်ခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေး ခဲ့ကြကြောင်းသိရသည်။

 သက်လွင်စိုး