ရခိုင်ပြည်နယ်

မင်းပြားမြို့၌ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းများ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ လူငယ်များ ဘက်စုံထူးချွန်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အခြေခံပညာမူလတန်းလွန် (ဦးစိုးတင့်)ကျောင်းခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျိန္တလီမြို့တွင် မွေးကင်းစကလေးမှ အသက်(၂)နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်နှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းကို ဒီဇင်ဘာ ၃ ရက်နေ့နံနက် (၉)နာရီမှ ညနေ(၃)နာရီအချိန်ထိ ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က မောင်ရွှီကန်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ကြား ကလေးငယ်(၄၆၇၀)ဦးအား ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပြီးစီးပြီဖြစ်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၁၇ ရက်မှစတင်၍ ကျောင်းများအလိုက်ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ(၃၁)ရက်နေ့အထိ မြို့နယ်အတွင်း၌ ကျောင်းသား၊ ကျောင်းသူ(၄၆၇၀)ဦးအား ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် မအီမြို့ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်များငှားရမ်းပေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့ ပြည်သူ့စာကြည့်တိုက်တွင် လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ အသိပညာဗဟုသုတတိုးပွားလာစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများ ရရှိလာစေရန်နှင့် စာပေ၏အကျိုးကျေးဇူးများကို သိရှိနားလည်လာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များကို လူမျိုးဘာသာမရွေး အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ မွေးစမှအသက်တစ်နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မွေးစမှအသက်တစ်နှစ်အောက် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြေပုံမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများခန့်ထားရေး ရက်တိုမွမ်းမံသင်တန်းဖွင့်လှစ် ပို့ချသင်ကြား

ရခိုင်ပြည်နယ်၊   မြောက်ဦးခရိုင်၊   မြေပုံမြို့နယ်၌   ပညာရေးဝန်ကြီးဌာန၊    အခြေခံပညာဦးစီးဌာန၌ လိုအပ်လျက်ရှိသော (ဘွဲ့ရ) အရည် အသွေးပြည့်မီ  လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ ခန့်ထားနိုင်ရေးအတွက် ရက်တိုမွမ်းမံသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က အကထ(မြေပုံ) ဦးစိန္တာခန်းမ၌ ဖွင့်လှစ်ပို့ချသင်ကြားလျက်ရှိသည်။

မြောက်ဦးမြို့၌ စက်သုံးဆီဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တာဆီးရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပူပြင်းခြေက်သွေ့သည့်နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ထမ္မရာဇ်ရပ်ကွက်ရှိ စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရပ်ကွက်များသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတွဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့စည်ကားသိုက်မြိုက်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သံတွဲမြို့၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ စည်ကားသိုက်မြိုက်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီက သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့ အောင်သစ္စာကျောင်းတိုက်ရှိ အောင်သိဒ္ဓိအောင်မင်္ဂလာပုထိုးစေတီတော်မြတ်ကြီး ထီးတော်တင်နှင့် ဋ္ဌာပနာပိတ်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့အောင်သစ္စာကျောင်းတိုက်ရှိ တည်ထားလျက်ရှိသော အောင်သိဒ္ဓိအောင်မင်္ဂလာပုထိုးစေတီတော်မြတ်၏ ထီးတော်တင်နှင့် ဋ္ဌာပနာပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါစေတီတော်၏ ရင်ပြင်တော်ရှေ့၌ ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်