သံတွဲ ဖေဖော်ဝါရီ ၂
သံတွဲမြို့၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ စည်ကားသိုက်မြိုက်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီက သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်က (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အမှာစကားပြောကြားသည်။ ထို့နောက် အခမ်းအနားမှူးက လုပ်ငန်းကော်မတီများဖွဲ့စည်းတာဝန်ခွဲဝေပေးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက အခမ်းအနားတွင်ထည့်သွင်းဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေး နွေးတင်ပြကြသည်။
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ စင်တင် တေးဂီတဖျော်ဖြေပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ စင်တော်ကောက်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဈေးရာင်းပွဲတော်နှင့် ဒေသထွက်ကုန်ပစ္စည်း ရောင်းပွဲတော်များဖြင့် ဖေဖေါ်ဝါရီ ၁၀ ရက်နေ့မှ စ၍ ၁၄ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)