မြေပုံ ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၌ လိုအပ်လျက်ရှိသော (ဘွဲ့ရ) အရည် အသွေးပြည့်မီ လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ ခန့်ထားနိုင်ရေးအတွက် ရက်တိုမွမ်းမံသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က အကထ(မြေပုံ) ဦးစိန္တာခန်းမ၌ ဖွင့်လှစ်ပို့ချသင်ကြားလျက်ရှိသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးအောင်ဌေးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မွမ်းမံသင်တန်းကြီးကြပ်ရေးမှူးဆရာကြီးဦးသိန်းဖေက သင်တန်းသူ/သားများအား ကျောင်းသားနှင့် ဆရာ/ဆရာ မပြောဆိုဆက်ဆံပြုမူနေထိုင်ရပုံ၊ ဆရာ/ဆရာမအချင်းချင်း ပြောဆိုဆက်ဆံပြုမူ နေထိုင်ရပုံ နှင့် ကျောင်းသား မိဘနှင့်ဆရာ/ဆရာမတို့ပြုမူပြောဆိုနေထိုင်ရပုံတို့ကို ရှင်းလင်းပြော ကြားသည်။
လက်ထောက်မူလတန်းပြဆရာ/ဆရာမများ ခန့်ထားနိုင်ရေး ရက်တိုမွမ်းမံသင်တန်းကို သင်တန်းဆရာ/ဆရာမ(၉)ဦးတို့က ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့မှ(၆)ရက်နေ့အထိ သင်တန်းသား(၁၈)ဦးနှင့် သင်တန်းသူ(၃၅)ဦးတို့အား နံနက်(၉) နာရီမှ(၁၁)နာရီထိ၊ နေ့လယ် (၁)နာရီမှ ညနေ (၄)နာရီအထိ(၅)ရက်တိုင်တိုင် ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ဝင်း