ဂွ ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၁၇ ရက်မှစတင်၍ ကျောင်းများအလိုက်ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ(၃၁)ရက်နေ့အထိ မြို့နယ်အတွင်း၌ ကျောင်းသား၊ ကျောင်းသူ(၄၆၇၀)ဦးအား ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများအလိုက် စုရပ်များပြုလုပ်၍ထိုးနှံပေးခဲ့ရာ ဆေးထိုးရန်လျာထား ကျောင်းသား/ကျောင်းသူ (၅၉၂၁)ဦးရှိသည့်အနက် ဇန်နဝါရီလ(၃၁)ရက်နေ့အထိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ်ကြား ကျောင်းသား ကျောင်းသူ(၄၆၇၀)ဦးအား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်