ရခိုင်ပြည်နယ်

ဂွမြို့ မြို့မစည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ မီးဘေးအန္တရာယ်မှ ကင်းဝေး‌စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေး မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ဈေးအတွင်း မီးဘေးအန္တရာယ်ကာကွယ်ထားရှိမှု ရှိ၊မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်၉ နာရီက ပြုလုပ်ခဲ့သည်။

MSME ထုတ်ကုန်ပြပွဲနှင့်ရောင်းချပွဲ၌ ဖွင့်လှစ်ရောင်းချခဲ့သည့် လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲအခမ်းအနား ကျောက်ဖြူမြို့၌ ကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ ဖွင့်လှစ်ပြသခဲ့သည့် MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲတွင် ဆိုင်ခန်းများဖွင့်လှစ်ပြသရောင်းချခဲ့သော MSME လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ည (၇)နာရီက အဆိုပါခန်းမရှိကွင်းပြင်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

မြောက်ဦးမြို့၌ သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင့်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ရှာဖွယ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင်းဆောင်ရွက်ခြင်းကို ညောင်ပင်ဈေး ရပ်ကွက် ၊ ခရိုင်မီးသတ်ဦးစီးဌာနရုံး ဘေးကွင်းပြင်၌ ယနေ့နံနက် ၉ နာရီ အချိန်က ခရိုင်/ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ငလျင်ဘေး၊ မုန်တိုင်းဘေး အန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သံတွဲမြို့၌ စာနီတောင် ဆင်စခန်းဖွင့်လှစ်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ရခိုင်ပြည်နယ်၊ သံတွဲသစ်ထုတ်လုပ်ရေးဒေသ၊ စာနီတောင်ဆင်စခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက အဆိုပါဆင်စခန်းဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းကျောင်းသား/သူများအား ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၅)လပြည့် ပြီးသောအသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများအား (Myancopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster dose) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။

မာန်အောင်မြို့နယ် ပလင်ကျေးရွာအုပ်စု၊ ပလင်ကျေးရွာတွင် အခြေခံပညာအလယ်တန်းကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပလင်ကျေးရွာအုပ်စု၊ပလင်ကျေးရွာတွင် အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့​သည်။

အ.ထ.က(မြို့မ)ပေါက်တောမြို့၌ လူငယ်စကားဝိုင်းကျင်းပ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယ​နေ့ ညနေ ၃ နာရီက ပေါက်တောမြို့ အ.ထ.က(မြို့မ)ကျောင်းရှိ  စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။

မင်းပြားမြို့၌ ဌာနဆိုင်ရာများမှ အခြေခံပညာကျောင်းများ၌ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြယ်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ လူငယ်များဘေးကင်းလုံခြုံစွာ  စားသုံးနိုင်စေရန်အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို အခြေခံပညာမူလတန်းလွန် (ဦးစိုးတင့်)ကျောင်းခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရသေ့တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ အခြေခံပညာမူလတန်းဆင့်သင် ဆရာ၊ဆရာမများ လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်လှစ်ပို့ချ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းဆင့်သင် ဆရာ၊ဆရာမများလုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်းမတွင်ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်