မြောက်ဦးမြို့၌ စက်သုံးဆီဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တာဆီးရေးအတွက် ကွင်းဆင်းဆောင်ရွက်

မြောက်ဦး ဖေဖော်ဝါရီ ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပူပြင်းခြေက်သွေ့သည့်နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ထမ္မရာဇ်ရပ်ကွက်ရှိ စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရပ်ကွက်များသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းကို ဓာတ်ဆီဆိုင်များသို့ သွားရောက်စစ်ဆေးခြင်းတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဆီသိုလောင်မှုစနစ်တကျရှိစေရေး၊ ဆီဖြည့်နေစဉ် လက်ကိုင်ဖုန်းများအသုံးမပြုကြစေရန်နှင့် ဆေးလိပ်သောက်ခြင်းကိုရှောကြဉ်ခြင်း၊ မီးဘေးအန္တရာယ်ကင်းဝေးစေရန် လောင်စာသိုလှောင်မှဒများအားစစ်ဆေးခြင်း၊ ရေတွင်းရေကန်များရေအပြည့်ဖြည့်ထားခြင်း၊ ရေအိတ်၊ သဲအိတ် ၊ မီးချိတ်၊ မီးကပ်ပြားနှင့် မီးသတ်ဆေးဗူးများအား ကြိုတင်ကာကွယ်ထားရှိခြင်း၊ မီးသတိပေးဆိုင်းဘုတ်များအား စိုက်ထူခြင်း စသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအတွက် ရှောင်ရန်၊ ဆောင်ရန်အချက်များကို အကြံပြုမှာကြားခဲ့ကြောင်း သိရသည်၊၊

မြင့်စိုး၊ စိုးငြိမ်းနိုင်