ရခိုင်ပြည်နယ်

မြောက်ဦးမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမကဏ္ဍတို့တွင် ထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန် ပုံငွေလွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲဖြေဆို

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲကို မြတ်စွယ်တော်ဓမ္မာရုံ၌ ယနေ့နေ့လယ် (၁၂) နာရီအချိန်မှ ညနေ (၃) နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

ငပလီမြို့၌ ဇွဲညီနောင်တည်းခိုရိပ်သာနှင့် အမြွှာညီနောင်စာပေဆိုင်ခွဲ (၁) ဖွင့်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၌ ဇွဲညီနောင်တည်းခိုရိပ်သာနှင့် အမြွှာညီနောင် စာပေဆိုင်ခွဲ(၁) ဖွင့်ပွဲကို ငပလီ- မဇင်လမ်းမကြီး ဇီးဖြူကုန်းတံတားထိပ်ရှိ အဆိုပါအဆောက်အဦ၌ ကျင်းပပြုလုပ်သည်။

ရသေ့တောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ (မူလတန်းအဆင့်) ဖွင့်ပွဲ ပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (မူလတန်းအဆင့်) ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့မအ.ထ.က-(၂) ကျောင်းအစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမ်းခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရွှေအမ်းမြေရိပ်သာ၌ အမ်းခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲဖြေဆို

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲကို မြတ်စွယ်တော်ဓမ္မာရုံ၌ ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်မှ ညနေ(၃)နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆို

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယနေ့မွန်းလွှဲ ၁၂ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီးတွင် သံဃာတော်များက ဖြေဆိုလျက်ရှိကြ သည်။

တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကို ဖောင်တော်ဦး စေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှညနေ(၄)နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၌ ၂၀၂၃ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စာဖြေသံဃာတော်များ အေးချမ်းစွာဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမ ပြန်စာမေးပွဲကို စာဖြေဌာနဖြစ်သည့် ဘူးသီးတောင် မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နေ့လည်(၁၂)နာရီအချိန်က စတင် ကျင်းပရာစာဖြေသံဃာများ အေးချမ်းစွာဖြင့် လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်တော်တောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပမည်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် တည်ထားကိုးကွယ်ထားသော သေလာဂိရိမောရပ္ဗဒ ကျောက်တော်တောင် ဘုရားဗုဒ္ဓပူဇနိယပွဲအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၅ ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်