ရသေ့တောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ (မူလတန်းအဆင့်) ဖွင့်ပွဲ ပြုလုပ်

ရသေ့တောင် မတ် ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (မူလတန်းအဆင့်) ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့မအ.ထ.က-(၂) ကျောင်းအစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးထွန်း‌ရွှေက သင်တန်းဖွင့်ပွဲနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်က သင်တန်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ရသေ့တောင်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်းပြဆရာ၊ ဆရာမ (၈၁၈)ဦး တက်ရောက်လျက်ရှိကြပြီး နည်းပြဆရာ၊ ဆရာမ (၃၅) ဦးတို့က နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ သင်ကြားပို့ချမည်ဖြစ်ကာ သင်တန်းကာလမှာမတ်လ ၂၈ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ၄ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)