မြောက်ဦးမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

မြောက်ဦး မတ် ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမကဏ္ဍတို့တွင် ထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန် ပုံငွေလွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် က ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အရင်းမပျောက် မတည်ရန်ပုံငွေများအား ထုတ်ပေးခြင်းဖြစ်ပြီး မတည်ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမကဏ္ဍများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် မြောင်းဘွေကျေးရွာ၊ လောင်းကြက်ကျေးရွာ၊ ပန်းမော်ကျေးရွာများအား တစ်ရွာလျှင် ငွေကျပ်သိန်း (၆၀၀) နှုန်းဖြင့် ကျေးရွာ(၃)ရွာအတွက် စုစုပေါင်းငွေကျပ်သိန် (၁၈၀၀) ကျပ်ကို ကျေးရွာအလိုက် စိုက်ပျိုးရေးကဏ္ဍ မြစိမ်းရောင်အသင်း တာဝန်ရှိသူတို့က လက်ခံရယူကြပြီး သမဝါယမကဏ္ဍတွင် မောင်ရွှီကန်ကျေးရွာ၊ ရွှေအားမာန် မွေးမြူရေးသမဝါယမအသင်းမှ အသင်းသား ၃၅ ဦးတို့အတွက် တစ်ဦးလျှင် ၄ သိန်းကျပ်နှုန်းဖြင့်  သိန်း (၁၄၀) တို့အား တာဝန်ရှိသူများက အသီးသီးလွဲပြောင်းပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဦးစီးဌာနမှဦးစီးမှူး၊ဌာနဆိုင်ရာများ၊ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် ကျေးရွာများမှကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်စိုး၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)