တောင်ကုတ် မတ် ၂၉
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကို ဖောင်တော်ဦး စေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှညနေ(၄)နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဓမ္မာစရိယစာမေးပွဲတွင် မြန်မာဂုဏ်ထူးဘာသာရပ်ကိုဖြေဆိုရန် စာရင်းရှိသံဃာ(၁၉)ပါးရှိသည့် အနက်သံဃာ (၅)ပါးက လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲ ဘိက္ခုပါတိမောက် ဘာသာရပ်ဖြေဆိုရန် စာရင်းရှိ(၃၉)ပါးရှိသည့်အနက်(၂၉) ပါးကလည်းကောင်း၊ အခြေပြုမူလတန်းတွင် ဝိနည်းကျင့်ဝတ်ဘာသာရပ်ကို ဖြေဆိုရန်စာရင်းရှိသံဃာ (၇၄)ပါးရှိသည့် အနက် (၄၅)ပါးကလည်းကောင်း၊ ပထမကြီးတန်းတွင် ဒွေမာတိကာဘာသာရပ်ကို ဖြေဆိုရန်စာရင်းရှိ သံဃာ(၇)ပါး ရှိသည့်အနက် (၄)ပါးကလည်းကောင်း၊ ပထမလတ်တန်းတွင် ဒွေမာတိကာဘာသာရပ်ကို ဖြေဆိုင်ရန်စာရင်းရှိ သံဃာ(၈)ပါးရှိ သည့်အနက် (၃)ပါးဖြေဆိုခဲ့ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ မှသိရသည်။
သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ်အဟာရများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)