ကျောက်တော်တောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပမည်

ကျောက်တော် မတ် ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် တည်ထားကိုးကွယ်ထားသော သေလာဂိရိမောရပ္ဗဒ ကျောက်တော်တောင် ဘုရားဗုဒ္ဓပူဇနိယပွဲအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၅ ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်တော်တောင်ဗုဒ္ဓပူဇေနိယဘုရားပွဲတော်အား ဧပြီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့တို့တွင် ပင့်ဖိတ်ထားသော ဆရာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများအားလည်းကောင်း၊ ရခိုင်ရိုးရာကျင်ပွဲနှင့် ရခိုင်ရိုးရာပြိုင်လောင်းပြိုင်ပွဲကို ဧပြီလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ လည်းကောင်း၊ ပျောပွဲရွှင်ပွဲ ဇာတ်သဘင်ပွဲများဖြင့် (၅)ရက် တိုင်တိုင် စည်ကားသိုက် မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ကျောက်တော် တောင်ဘုရားဗုဒ္ဓပူဇနိယပွဲတော်သို့ မြောက်ဦး၊ စစ်တွေ၊ မင်းပြား ပေါက်တော မောင်တော ဘူးသီးတောင်စသောမြို့နယ်များမှ ဘုရားပွဲတော်သို့လာ ရောက်ကြသော ပြည်သူများမှ အပျော်စီးလှေများ စက်လှေများ မော်တော်ဘုတ်များဖြင့် ပွဲတော်ကျင်းပပြုလုပ်ရာ ကစ္ဆပနဒီ မြစ်အတွင်း ရေပေါ်သင်္ကြန်နှင့် ရေကစားပွဲတော်အား နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ထည့်သွင်း ဆင်ယင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  သိရသည်။

ခင်မောင်ထွန်း