အမ်း မတ် ၂၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲကို မြတ်စွယ်တော်ဓမ္မာရုံ၌ ယမန်နေ့နေ့လယ် (၁၂) နာရီအချိန်မှ ညနေ (၃) နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် သံဃာ/လူ ပထမကြီးတန်း (၄) ပါး၊ ပထမလတ်တန်း (၃) ပါး၊ပထမငယ်တန်း (၄) ပါး၊ အခြေပြုမူလတန်း (၁၂) ပါး ရှိသည့်အနက် (၂၀) ပါးဖြေဆိုခဲ့ပြီး ပျက်ကွက် (၃) ပါးရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥကဋ္ဌ ဦးစိုးမင်း ထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက ဆွမ်းဘောဇဉ်အဟာရများ လှူဒါန်းလျက်ရှိ ကြောင်း သိရှိရသည်။
စိုးမင်းထွန်း၊မြို့နယ်ပြန်/ဆက်