ရခိုင်ပြည်နယ် မောင်တောမြို့၌ အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆို

မောင်တော  မတ်   ၂၉

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီးတွင်  သံဃာတော်များက ဖြေဆိုလျက်ရှိကြ သည်။   

မောင်တောမြို့နယ် စာဖြေဌာန၌ အစိုးရပါဠိပထမပြန် စာမေးပွဲကို သာသနာ့ဗိမာန်တော်၌  နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပလျက်ရှိပြီး  မောင်တောစာဖြေဌာနတွင် စာဖြေသံဃာ ၁၉ ပါး ဖြေဆိုရန် စာရင်းသွင်းထားပြီး သံဃာတော် ၁၇ ပါးဝင်ရောက် ဖြေဆိုလျက်ရှိရာ ၃ မိုင်ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်း၊ မြို့မပရိယတ္တိကျောင်း၊ ဘင်္ဂလားဒေ့ရှ်ကျောင်း၊ ဝေသာလီကျောင်းစသည့်တို့မှ ဆရာတော်ကြီးများက ကြီးကြပ်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အစိုးရ ပါဠိပထမ ပြန် စာမေးပွဲကို   ဖြေဆိုကြသည့် ပထမကြီးတန်း ၊ ပထမလတ်တန်း  စာဖြေသံဃာများသည်   ဒွေမာတိကာဘာသာရပ်၊ ပထမငယ်တန်း  စာဖြေသံဃာများသည် ဘိက္ခုပါတိ မောက်ဘာသာရပ်နှင့် အခြေပြုမူလတန်း  စာဖြေသံဃာများသည်   ဝိနည်းကျင့်ဝတ် ဘာသာရပ်များအား ဖြေဆိုလျက်ရှိကြပြီး အစိုးရပါဠိပထမပြန် စာမေးပွဲကို မတ် ၂၈ ရက်နေ့ မှဧပြီ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မောင်တောစာဖြေဌာန  မတ် ၂၈ ရက်နေ့တွင် ပထမကြီးတန်း (၂) ပါး၊ ပထမလတ်တန်း (၁) ပါး၊ ပထမငယ်တန်း (၅) ပါး၊ အခြေပြုမူလ တန်း (၉) ပါး  စုစုပေါင်း ၁၇ ပါးဖြေဆိုလျက်ရှိပြီး ရာခိုင်နှုန်းအားဖြင့် (၈၉) ရာခိုင်နှုန်း ရှိကြောင်း ခရိုင်သာသနာ့ရေးမှူးရုံးမှ သိရသည်။  

သက်လွင်စိုး ၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)