အမ်း မတ် ၂၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲကို မြတ်စွယ်တော်ဓမ္မာရုံ၌ ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်မှ ညနေ(၃)နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် သံဃာ/လူ ပထမကြီးတန်း (၄)ပါး၊ ပထမလတ်တန်း (၃)ပါး၊ပထမငယ်တန်း(၄)ပါး၊အခြေပြုမူလတန်း(၁၂)ပါးရှိသည့်အနက် (၂၀)ပါးဖြေဆိုခဲ့ပြီး ပျက်ကွက်(၃)ပါးရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက ဆွမ်းဘောဇဉ်အဟာရများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
စိုးမင်းထွန်း