ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်နိုင်ရန် ပင်လယ်ပြင်ဇာတ်တိုက်လေ့ကျင့်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ် ရှာဖွေကူညီကယ်ဆယ်မှုများပြုလုပ်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပါသည့် ရှာဖွေကယ်ဆယ်ရေးပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ပင်လယ်ပြင် ဇာတ်တိုက်လေ့ကျင့်ခြင်းကို Welcome To Kyauk Phyu အနီးရှိ ပင်လယ်ပြင်နေရာ၌ ပြုလုပ်ခဲ့သည်။