မြောက်ဦး မေ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ရခိုင်ရှေးဟောင်းသမိုင်းဝင် အထင်ကရဘုရားစေတီ၊ ပုထိုးများဖြစ်သော သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ လေးမျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ကျင်းပခဲ့သည့် ရခိုင်ရိုးရာကျင်ပြိုင်ပွဲအတွက် ဆုပေးပွဲအခမ်းအနားကို မေလ ၆ ရက်နေ့ ညနေပိုင်းက ထုက္ကန်သိမ်ဘုရားအနီးကျင်ပြိုင်ပွဲကွင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သျှစ်သောင်းဘုရားဂေါပကဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပထမအကြီးတန်းတွင် ပထမဆု၊ တတိယဆုနှင့် စတုတ္ထဆုရရှိသူများကို လည်းကောင်း၊ ဒုတိယတန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် စတုတ္ထဆုရရှိသူများကိုလည်းကောင်း၊ တတိယတန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် စတုတ္ထဆုရရှိသူများကို လည်းကောင်း၊ စတုတ္ထတန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် စတုတ္ထဆုရရှိသူများကိုလည်းကောင်း တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီးနောက် ကျင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါဆုပေးပွဲအခမ်းအနားသို့ နယ်မြေခံတပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ ဌာနဆိုင်ရာများ၊ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျင်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်၊၊
မြင့်စိုး၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)