ရခိုင်ပြည်နယ်

မြောက်ဦးမြို့၌ ပြည်သူများသို့ မုန်တိုင်းအန္တရာယ်ဆိုင်ရာ ကြိုင်တင်ကာကွယ်နိုင်ရေး သတိပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌  သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင် ပညာရေးမှူး ဒေါ်ဦးအေးခင် ဦးဆောင်မှုဖြင့် ပြည်သူများထံသို့ မုန်တိုင်းဘေးအန္တရာယ်ဆိုင် ရာ ကြိုတင်ကာကွယ်နိုင်ရေးကြိုတင် သတိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း ကားဖြင့်လှည့်လည်၍ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ မုန်တိုင်းသတိပေးချက်များအား အသိပေးနှိုးဆော်ခဲ့ကြသည်။

သံတွဲမြို့၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင်  မုန်တိုင်းအန္တရာယ်သတိပေးချက်များအား ပြည်သူများသိရှိ နိုင်ရေးအတွက် သံတွဲမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် ပြန်ကြားရေးနှင့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ

တောင်ပြိုလက်ဝဲမြို့၌ မြေနိမ့်ပိုင်းနှင့်မြစ်ချောင်းနံဘေးရှိပြည်သူများအား ဘေးလွှတ်ရာနေရာသို့ ပြောင်းရွှေ့ကြရန် အသိပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့အတွင်းသို့  မေလ ၁၃ ရက်နေ့ နှင့် မေလ ၁၄ ရက်နေ့တို့တွင် မုန်တိုင်းဝင်ရောက်လာနိုင်သည့်အတွက် ယနေ့နံနက်(၈) နာရီအချိန်က မြေနိမ့်ပိုင်းနှင့် မြစ်ချောင်းနံဘေးတွင် နေထိုင်သော မိဘပြည်သူများအား ကြိုတင် ရွေ့ပြောင်းနိုင်ရန်အတွက် မော်တော်ကား(၃)စီးဖြင့်

သံတွဲမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သည့်ကျေးရွာများမှ ပြည်သူများ မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို ရွှေ့ပြောင်း

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ပင်လယ်ကမ်းခြေကျေးရွာများမှ ပြည်သူများသည် ယနေ့နံနက်ပိုင်းမှစ၍ မုန်တိုင်းဘေးလွတ်ရာ နေရာများဖြစ်သည့် ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြကြောင်းသိရ သည်။

ဘူးသီးတောင်မြို့နယ်တွင် ပြည်သူများ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်၈နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်၊ မြို့နယ် ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

တောင်ကုတ်မြို့ နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် မေ ၁၁ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့်အတူ တိုင်းဒေသကြီးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ စက်ရုံမှူးနှင့်ဝန်ထမ်းများ၊ တိုင်းရင်းသားသတင်းဌာနခွဲမှ ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။

ရသေ့တောင် မြို့နယ်၌  မုန်တိုင်းခိုလုံရာနေရာများရှိ ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မုန်တိုင်းခိုလှုံရာနေရာများရှိ ပြည်သူများအတွက် စာနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား Life jackets များထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သော နေရာများမှ ပြည်သူများနှင့် ပစ္စည်းများအား ရွှေ့ပြောင်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ညှိနှိုင်းအစည်းအဝေးတက်ရောက်

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းသည် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)အဖြစ်ရောက်ရှိလာပြီ ဖြစ်သည့်အတွက်ကြောင့် စစ်တွေ မြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သောနေရာများမှ ပြည်သူများနှင့် ပစ္စည်းများအား ရွှေ့ပြောင်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ညှိနှိုင်းအစည်းအဝေးတက်ရောက်သည်။

အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

အမ်း မေ ၁၃

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၊ လမ်းဆုံ၊ လမ်းမများ၌ လှည့်လည်နှိုးဆော်ခဲ့သည်။

Subscribe to ရခိုင်ပြည်နယ်