ရခိုင်ပြည်နယ်

မြေပုံမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့်နေရာများမှ ပြည်သူများနှင့် ပစ္စည်းများအား ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သောနေရာများမှ ပြည်သူများနှင့်ပစ္စည်းများအား ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက မုန်တိုင်းကျရောက်နိုင်သောနေရာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မာန်အောင်မြို့နယ်၌ အနီရောင်အဆင့် မုန်တိုင်းသတိပေးချက်ကြေညာ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ အနီရောင်အဆင့်မုန်တိုင်းသတိပေးချက်ကို ယမန်နေ့ညနေ ၅နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသိပေးကြေညာခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင်နေထိုင်ကြသူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘေးလွတ်ရာ‌နေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန် တာ၀န်ရှိသူများက ကွင်းဆင်း‌ဆောင်ရွက် လိုက်လံမှာကြား

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် နေထိုင်ကြသူများအား မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘေးလွတ်ရာ‌နေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန်အတွက်  တာ၀န်ရှိသူများက ယမန်နေ့ညနေပိုင်းက  ကွင်းဆင်း‌ဆောင်ရွက် လိုက်လံမှာကြားခဲ့ကြသည်။

ဘူးသီးတောင်မြို့၌ မြေနိမ့်ပိုင်းနှင့် မြစ်ချောင်းနံဘေးရှိ ပြည်သူများအား ဘေးလွှတ်ရာနေရာသို့ ပြောင်းရွှေ့ကြရန် အသိပေးနှိုးဆော်လျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းသို့ မေ ၁၃ ရက်နေ့နှင့် မေလ ၁၄ ရက်နေ့တို့တွင် မုန်တိုင်းဝင်ရောက်လာနိုင်သည့်အတွက် ယမန်နေ့ မွန်းလွဲ(၃) နာရီအချိန်က ဘူးသီးတောင်မြို့ သင်္ဘောဆိပ်ကမ်းနားမှ ထွက်ခွာကာ ဒါးပိုင်ဆရာကျေးရွာအထိလည်းကောင်း၊ လိုင်ရှည်ပြင် ကျေးရွာအထိလည်းကောင်း လက်ဝဲ၊ လက်ယာမြစ်ကမ်းဘေးတစ်လျှောက်ရှိ မြေနိန့်ပိုင်းနှင့် မြစ်ချောင်း နံဘေးတွင် နေထိုင်သော မိဘပြည်သူများအား ကြိုတင်ရွေ့ပြောင်းနိုင်ရန်အတွက်  Speed boat (၃) စီးဖြင့်  ချောင်း၏ လက်ဝဲ၊ လက်ယာတွင် နေထိုင်ကြသော ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခဲ့ကြသည်။

မာန်အောင်မြို့နယ်၌ ဆိုင်ကလုန်း Shelter များတွင် မုန်တိုင်းခိုလှုံနေသည့် ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများအား မုန်တိုင်းခိုလုံရန် ဆိုင်ကလုန်း Shelter များသို့ ရွှေ့ပြောင်းပေးပြီး စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများ မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သည့် ပင်လယ်ကမ်းခြေကျေးရွာများမှ ပြည်သူများသည် ယနေ့နံနက်ပိုင်းမှစ၍ မုန်တိုင်းဘေးလွတ်ရာ နေရာများ ဖြစ်သည့် ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြကြောင်း သိရသည်။

မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွယ် ကယ်ဆယ်နိုင်ရန် အတွက် ချောင်းအတွင်း၌ ဇာတ်တိုက်လေ့ကျင့်လျက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွယ်ကယ်ဆယ်ရေးကို ယနေ့နံနက် ၇ နာရီက အောင်တပ်ချောင်းအတွင်း၌ ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ Command post တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ပေါက်တောမြို့ မြို့မဈေးကြီး၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  ဈေးဆိုင်များမှပစ္စည်းသိမ်းဆည်း

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊​ ပေါက်တောမြို့မြို့မဈေးကြီးတွင် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုသက်သာစေရေးရည်ရွယ် ၍ ဈေးဆိုင်များမှ ပစ္စည်းသိမ်းဆည်း​ခြင်းကို ယနေ့ နံနက်ပိုင်းကစတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပုဏ္ဏားကျွန်း (မြို့မဈေး) ၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ (မြို့မဈေး) ၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈) နာရီက မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဦးမောင်စံဝင်းဦးဆောင်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာ များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်