ဘူးသီးတောင် မေ ၁၃
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်၈နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်၊ မြို့နယ် ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ အရေးပေါ်သုံး ပစ္စည်းများ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရန်အချက်များ/ ရှောင်ရှားရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပါပြီးချိန်တွင် ပြုလုပ်ရန်အချက်များ/ ရှောင်ရှားသင့်သည့်အချက်များနှင့် နိုင်ငံတော်မှ တရားဝင်ထုတ်ပြန်ကြေညာထားသော မုန်တိုင်းဘေးအန္တရာယ်သတင်းများကို စဉ်ဆက်မပြတ်နားထောင်ကြရန်နှင့် လေပြင်းဘေး ကြိုတင်ကာကွယ်ရေး/တုံ့ပြန်နိုင်ရေး အသိပေးချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် လှည့်လည်အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)