တောင်ပြိုလက်ဝဲ မေ ၁၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့အတွင်းသို့ မေလ ၁၃ ရက်နေ့ နှင့် မေလ ၁၄ ရက်နေ့တို့တွင် မုန်တိုင်းဝင်ရောက်လာနိုင်သည့်အတွက် ယနေ့နံနက်(၈) နာရီအချိန်က မြေနိမ့်ပိုင်းနှင့် မြစ်ချောင်းနံဘေးတွင် နေထိုင်သော မိဘပြည်သူများအား ကြိုတင် ရွေ့ပြောင်းနိုင်ရန်အတွက် မော်တော်ကား(၃)စီးဖြင့် ဆောင်ရွက်ထားကြောင်း ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခဲ့ကြသည်။
အဆိုပါ မုန်တိုင်းဘေးအန္တရာယ်အသိပေး နှိုးဆော်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပြီး ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေး နှိုးဆော်ခဲ့ကြသည်။
သိန်းနိုင်(ပြန်/ဆက်)