ရသေ့တောင် မြို့နယ်၌  မုန်တိုင်းခိုလုံရာနေရာများရှိ ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေး

ရသေ့တောင် မေ ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မုန်တိုင်းခိုလှုံရာနေရာများရှိ ပြည်သူများအတွက် စာနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား Life jackets များထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြိုနယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် မုန်တိုင်းခိုလှုံ နေထိုင်ကြစဥ် ကာလအတွင်း ပြည်သူများ စားရေရိက္ခာ ဖူလုံစေရေးအတွက် ဆန်(၂၉)အိတ်၊ ၅ဂါလံ ဝင်ဆီပုံး(၇)ပုံး၊ငပိ(၇)ပိသာ၊ဆား(၇)တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်သူများအား မုန်တိုင်းအန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင်ကာကွယ်နေထိုင်နည်းများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ရသေ့တောင် (ပြန်/ဆက်)