အမ်း မေ ၁၃
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၊ လမ်းဆုံ၊ လမ်းမများ၌ လှည့်လည်နှိုးဆော်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့်၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းအဖွဲ့က ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်းများ ဖြစ်လာနိုင်သည့်အတွက် မိဘပြည်သူများ၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများ အနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြပါရန်၊ အိမ်တိုင်းတွင် သောက်ရေပုံးများ အဆင်သင့် ဆောင်ထားကာ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပြီး မုန်တိုင်းဒီရေမြင့်တက်၍ အသက်အန္တရာယ်နှင့် ကြုံတွေ့လာပါက အသက်ကယ်ပစ္စည်းအဖြစ် အသုံးပြုသွားကြရန်၊ ကမ်းနီးကမ်းဝေးရေယာဥ်များ အနေဖြင့်လည်း မုန်တိုင်းအန္တရာယ်အား ကြိုတင်သတိပြု ရှောင်ရှားနိုင်ကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)