ရခိုင်ပြည်နယ်

ရမ်းဗြဲမြို့နယ်၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးခြင်းအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့် တာဝန်ရှိသူများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် ဌာနဆိုင်များသည် ယနေ့ နံနက်(၁၁)နာရီအချိန်က ရမ်းဗြဲမြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ (၂၀၂၃)ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းအခမ်းအနားကို တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများ သံတွဲမြို့အတွင်း မိုးရာသီ၌‌ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းဆောင်ရွက်

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများသည် ယနေ့ နံနက် ၈ နာရီအချိန်က သံတွဲမြို့အတွင်း မိုးရာသီ၌ ‌ရေနှုတ်မြောင်းများရေစီးရေလာကောင်းမွန်ရေး အတွက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က တောင်ကုတ်တက္ကသိုလ်ဘောလုံးကွင်းဘေး၌ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ  ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သားသမီး များအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။ 

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က တောင်ကုတ်တက္ကသိုလ်ဘောလုံးကွင်းဘေး၌ ကျင်းပခဲ့သည်။

ရမ်းဗြဲမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်းများ၊ လူနေအိမ်များ၊ ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ ပြည်သူများအတွက် ကျောက်ဖြူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့မွန်းလွဲ( ၁ )နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမ၌ ကျင်းပခဲ့သည်။

အမ်းမြို့နယ်၌ အမ္ဗနဒီ(အခမဲ့) ရွေ့လျားစာကြည့်တိုက် (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် အမ္ဗနဒီ(အခမဲ့) ရွေ့လျားစာကြည့်တိုက်(၂)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာစာဖတ် စာငှားအများဆုံး ဆုချီးမြှင့်ပွဲကို အမှတ်(၅)ရပ်ကွက် ရွှေလက်လက်ဖက်ရည်ဆိုင်၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့်ပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် (အခမဲ့) ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယနေ့မွန်းလွဲ ၁ နာရီက ဘဲအင်းကျေးရွာအုပ်စု၊ ဘဲအင်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူဦးဆောင်သော ဆေးကုသရေးအဖွဲ့လာရောက်၍ ယနေ့နံနက်(၈)နာရီမှ (၁၂)နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက် သူနာပြုဆရာမကြီးနေအိမ်တွင်အခြေပြု၍ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများအား ကယ်ဆယ်ပစ္စည်းများ ဖြန့်ဝေထောက်ပံ့

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များက မုန်တိုင်းဒဏ်သင့်ကျေးရွာအုပ်စုများသို့ စနစ်တကျ ဖြန့်ဝေ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်