တောင်ကုတ်မြို့နယ်၌ မိုးစပါး မျိုးစေ့နှင့်ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးစပါးမျိုးစေ့ထုတ်၊ စံပြကွက်၊ စမ်းသပ်ကွက် စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအား မိုးစပါးမျိုးစေ့နှင့်ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပသည်။