မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့်ပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်

မာန်အောင် ဇွန် ၄

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် (အခမဲ့) ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယနေ့မွန်းလွဲ ၁ နာရီက ဘဲအင်းကျေးရွာအုပ်စု၊ ဘဲအင်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ တိုင်းရင်းဆေးခန်းမှူး ဦးမြင့်ဦးနှင့် ဝန်ထမ်းများက ဘဲအင်းကျေးရွာရှိ ဒေသခံပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချိုရှိသူများအား ဆေးကုသပေးခြင်း၊ ထုံနာ၊ ကျဥ်နာရှိသူများအား လိမ်းဆေးနှင့် လိုအပ်သော ဆေးဝါးများပေးခြင်း စသည့်ဖြင့် ပြည်သူ ၂၅ ဦးခန့်အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)