တောင်ကုတ် ဇွန် ၅
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က တောင်ကုတ်တက္ကသိုလ်ဘောလုံးကွင်းဘေး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအေးချမ်းဖြိုးက တောင်ကုတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များထံ ပျိုးပင်များလွှဲပြောင်းပေးအပ်ပြီးနောက် စုပေါင်းသစ်စိုက်ပျိုးကြသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် ပျဉ်းကတိုး(၈၀)ပင်၊ မဟော်ဂနီ(၁၀၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ ခရေ(၅၀)ပင်၊ ကံ့ကော်(၅၀)ပင်၊ ဗန်ဒါ (၁၀၀)ပင်နှင့် စိန်ပန်း(၁၀၀)ပင် စုစုပေါင်း(၅၈၀)တို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှသိရသည်။
အခမ်းအနားသို့ တောင်ကုတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များတက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်