သံတွဲ ဇွန် ၅
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများသည် ယနေ့ နံနက် ၈ နာရီအချိန်က သံတွဲမြို့အတွင်း မိုးရာသီ၌ ရေနှုတ်မြောင်းများရေစီးရေလာကောင်းမွန်ရေး အတွက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အံတော်ကျေးရွာအုပ်စုနှင့် အမှတ်(၈)ရပ်ကွက်ရှိ သံတွဲ-တောင်ကုတ် လမ်းမကြီးဘေးရှိ ရေဝပ်သောနေရာများတွင် ရေနုတ်မြောင်းများဖေါက်လုပ်နေမှုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့်အတူ ကွင်းဆင်းစစ်ဆေးပြီး အိမ်ပိုင်ရှင်များအား ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများအား စနစ်တကျဆောင်ရွက်ကြရန်ဆွေးနွေး မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်