ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်

ပုဏ္ဏားကျွန်း ဇွန် ၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူဦးဆောင်သော ဆေးကုသရေးအဖွဲ့လာရောက်၍ ယနေ့နံနက်(၈)နာရီမှ (၁၂)နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက် သူနာပြုဆရာမကြီးနေအိမ်တွင်အခြေပြု၍ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 ထိုသို့ ဆောင်ရွက်ရာတွင် တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးစီး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီးဝေတိုးသူနှင့် သူနာပြုများပါဝင်သော ကလေးအထူးကုဆရာဝန်၊ ထွေထွေရောဂါကု ဆရာဝန်ကြီးတို့က ရွာဟောင်းရပ်ကွက်အတွင်းရှိ မုန်တိုင်းဘေးဒဏ်သင့် နာမကျန်းဖြစ်နေသူများကို လိုအပ်သည့်ဆေးဝါးများဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)