မောင်တော ဇွန် ၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သားသမီး များအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပညာသင်ထောက်ပံ့ကြေးပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း၊ သားသမီးများအတွက် တက္ကသိုလ်အဆင့် ကျောင်းသား/သူ ၈ ဦး အတွက် တစ်ဦးလျှင် ၅၀၀၀၀ ကျပ်၊ အထက်တန်းအဆင့် ကျောင်းသား/သူ ၆ ဦး အတွက် တစ်ဦး လျှင် ၃၀၀၀၀ ကျပ် အလယ်တန်းအဆင့် ကျောင်းသား /သူ ၇ ဦးအတွက် တစ်ဦးလျှင် ၂၅၀၀၀ ကျပ်၊ မူလတန်းအဆင့် ကျောင်းသား/သူ ၁၂ ဦး အတွက် တစ်ဦးလျှင် ၂၀၀၀၀ ကျပ် ၊ Kg အတန်းအတွက် တစ်ဦးလျှင် ၂၀၀၀၀နှုန်း၊ ကျောင်းသုံးဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်၊ လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်ဇောအေးနှင့် တာဝန်ရှိသူများက ဝန်ထမ်းသား၊သမီးများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ ကြရာ စုစုပေါင်း ကျောင်းသား/သူ (၃၇)ဦးအတွက် ထောက်ပံ့ငွေမှာ တစ်ဆယ်နှစ်သိန်းကိုးသောင်း ငါးထောင်ငါးရာဖြစ်ပြီး ဝန်ထမ်းမိဘ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)