ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သပြေကုန်းရပ်ကွက် အနိမ့်ပိုင်းလမ်းအချို့ ရေကျော်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် သြဂုတ်လ ၆ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင်း တောင်ကျရေများလာသဖြင့် ပန်းဇင်မြစ် ရေလျှံတက်လာပြီး အနိမ့်ပိုင်းလမ်းမအချို့နှင့် လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်သော မြေနိမ့်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စုများအား တာဝန်ရှိသူများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ဩဂုတ်လ (၁) ရက်နေ့မှ ဩဂုတ်လ (၇) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် မိုးရေ (၃) ပေခန့်အထိ မြင့်တက် လာခဲ့ကြောင်းသိရသည်။

ကျောက်တော်မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရှိကျေးရွာများနှင့်မြို့ပေါ်ရပ်ကွက်အချို့နှင့် ဌာနဆိုင်ရာရုံးအဆောက်အဦအချို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ရေကြီးနစ်မြုပ်လျက်ရှိကြောင်းသိရသည်။

စစ်တွေမြို့တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စက်ရုံစုရပ်ကွက်၊ ရပ်ကွက်သူ/သားများနှင့် တွေ့ဆုံကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ရုံးနှင့် သတ်မှတ်စုရပ်နေရာတို့တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြသည်။  

မိုင်းယောင်းမြို့နယ်တွင် စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲက စာဖတ်ဝိုင်း ပြုလုပ်ကျင်းပသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တောင်ကုတ်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တောင်ကုတ်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ကြသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စိုက်ပျိုး‌‌ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မျိုးစပါးစိုက်ပျိုးနေမှု၊ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှု

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စိုက်ပျိုး‌‌ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထဋ်၊ ဦးယျာဉ်ခြံသီးနှံညွှန်ကြားရေးမှူးဦးမျိုးဇော်၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်လှသီင်္ဂီနှင့် စစ်တွေခရိုင် ဦးစီးမှူးဦးအေးထွန်းတို့သည် ယနေ့၊ နံနက်(၁၀)နာရီက ရသေ့တောင်မြို့သို့ ရောက်ရှိပြီး ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် မစဖအဖွဲ့ဝင်များ စိုက်ပျိုးကြီးကြပ်ရေး ကော်မတီဝင်များက ကြိုဆိုခဲ့ကြသည်။

လောက်ကိုင်မြို့ မဟာမုနိ(ဗဟို)ထေရဝါဒ‌ ဗုဒ္ဓသာသနာပြုကျောင်း၌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ‌တေရသမအကြိမ်မြောက် စုပေါင်း(ဝဿဝါသိကစီဝရ) ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ် -၃ ရပ်ကွက် မဟာမုနိ(ဗဟို) ထေရဝါဒ‌ဗုဒ္ဓသာသနာပြုကျောင်း၌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော တေရသမအကြိမ်မြောက် စုပေါင်း(ဝဿဝါသိကစီဝရ) ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခဲ့ရာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံ၊ ငါးပုဇွန်ကန်များနှင့် ငါးသားပေါက်စခန်းအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံ၊ ငါးပုဇွန်ကန်များနှင့် ငါးသားပေါက်စခန်းအား ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်