ဘူးသီးတောင်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သပြေကုန်းရပ်ကွက် အနိမ့်ပိုင်းလမ်းအချို့ ရေကျော်

ဘူးသီးတောင် သြဂုတ် ၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် သြဂုတ်လ ၆ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင်း တောင်ကျရေများလာသဖြင့် ပန်းဇင်မြစ် ရေလျှံတက်လာပြီး အနိမ့်ပိုင်းလမ်းမအချို့နှင့် လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ အချိန် ၂ ပေခန့် မြင့်တက်လျက်ရှိပြီး လမ်းပိုင်းအချို့ ယာဉ်ငယ်/ဆိုင်ကယ်များ ဖြတ်သန်းသွား၍မရကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင် ဩဂုတ်လ (၇)ရက်နေ့ နံနက်ပိုင်က မိုးရေချိန်(၃.၆၁) လက်မ ရွာသွန်းခဲ့ပြီး ယခင်ရက်များတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပန်းဇင်မြစ်ရေ တက်လာခြင်းနှင့် တောင်ကျရေများလာခြင်းကြောင့် မြို့ပေါ်ရပ်ကွက်ရှိ သပြေကုန်းရပ်ကွက်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)