ကျောက်တော် ဩဂုတ် ၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရှိကျေးရွာများနှင့်မြို့ပေါ်ရပ်ကွက်အချို့နှင့် ဌာနဆိုင်ရာရုံးအဆောက်အဦအချို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ရေကြီးနစ်မြုပ်လျက်ရှိကြောင်းသိရသည်။
ရေကြီးနစ်မြုပ်လျက်ရှိသောကျေးရွာများမှ ပြည်သူများအား ရေကင်းလွတ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့်နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင်ခေတ္တပြောင်းရွှေ့နေရာချထားပေးကြောင်းသိရသည်။
မြို့နယ်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမ၏ ယနေ့ နေ့လည် ၂ နာရီ ၃၀ မိနစ် အချိန် တိုင်းထွာချက်များအရ ကုလားတန်မြစ်ရေသည်အမြင့် ၄၈၁ စင်တီမီတာ ၁၆.၀၃ ပေခန့်သို့ရောက်ရှိနေပြီး နောက် ၄၈ နာရီအတွင်း အဆိုပါမြို့နယ် ၏ စိုးရိမ်ရေအမှတ်မှာ ၅၅၀ စင်တီမီတာ (၁၈.၃၃ ပေ) သို့ ရောက်ရှိနိုင်သောကြောင့် ကျောက်တော်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူ ကျေးရွာအုပ်စုများမှ မိဘပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် မြစ်ရေကြီးမှုအခြေအနေနှင့် သက်ဆိုင်သည့် အသိပေးနှိုးခြင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း
ကျောက်တော်(ပြန်/ဆက်)