မိုင်းယောင်းမြို့နယ်တွင် စာဖတ်ဝိုင်း ကျင်းပ

 

မိုင်းယောင်း ဩဂုတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နေ့နံနက် နာရီခွဲက စာဖတ်ဝိုင်း ပြုလုပ်ကျင်းပသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသည့် ဝါသနာတူကလပ်အသင်းများဖြစ်သော Book Club Youth Club Woman Club အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာနတ်ရှင်(ရွှေဂူ)၏ “လူငယ်များကို ပျိုးထောင်ပေးပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူ အသင်းအဖွဲ့နှင့် စာဖတ်ဝါသနာရှင်ပြည်သူများအချင်းချင်း မိတ်ဆက်ခဲ့ကြသည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က “လူငယ်များကို ပျိုးထောင်ပေးပါ”အကြောင်း၊ Woman Club ဥက္ကဋ္ဌ ဒေါ်နန်းဘွန်းပန်က “လူငယ်တိုင်းသည် အသိဉာဏ်ဖွံ့ဖြိုးရန် လိုအပ်ခြင်း”အကြောင်း၊ စာကြည့်တိုက်လက်ထောက်- ဒေါ်ဝေဝေခိုင်ကလူသားတို့သည် အတတ်ပညာများစွာကို သင်ယူနေကြရခြင်းအကြောင်း၊ Book Club အဖွဲ့ဝင် ဦးရဲရင့်အောင်က “လူငယ်နှင့်အပေါင်းအသင်း”အကြောင်းကို ဖတ်ကြားခဲ့ကြသည်။

ယင်းနောက် မိမိတို့ ဖတ်ရှုထားသည့် အကြောင်းအရာနှင့် ရရှိလာသော အသိပညာ ဗဟုသုတများ၊ စိတ်ခွန်အားများ၊ အသိအမြင်များနှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ၊ စာပေဆိုင်ရာ အသိအမြင်နှင့် အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြသည်။

ထွန်းမြင့်လှိုင်