လောက်ကိုင်မြို့ မဟာမုနိ(ဗဟို)ထေရဝါဒ‌ ဗုဒ္ဓသာသနာပြုကျောင်း၌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ‌တေရသမအကြိမ်မြောက် စုပေါင်း(ဝဿဝါသိကစီဝရ) ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား

လောက်ကိုင် ဂုတ် ၆

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့၊ အမှတ် -၃ ရပ်ကွက် မဟာမုနိ(ဗဟို) ထေရဝါဒ‌ဗုဒ္ဓသာသနာပြုကျောင်း၌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော တေရသမအကြိမ်မြောက် စုပေါင်း(ဝဿဝါသိကစီဝရ) ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ   အခမ်းအနားကျင်းပခဲ့ရာ  အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပါသည်။

ဆက်လက်၍  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  သာသနာပြု(ဗဟို) ခေါင်းဆောင်ဆရာ တော်လောက်ကိုင်မြို့ မဟာမုနိ(ဗဟို) ထေရဝါဒ‌ဗုဒ္ဓသာသနာပြုကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်၊ သဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ၊ သာသနတက္ကသီလဓမ္မစရိယ (B.A) (Buddhism)ဘဒ္ဒန္တရာဇိန္ဒ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ မေတ္တာသုတ်ပရိတ် တော်များနာယူကြည်ညိုကြပြီး  ဆရာတော်/သံဃာတော်များအား ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊လောက်ကိုင်)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကော်မတီ ဦးသိန်းဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ဒေသ/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က  ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပါသည်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း(၃၁)ကျောင်း၊ သီလရှင်ကျောင်း(၁)ကျောင်း၊  ချင်းရွှေဟော်မြို့ရှိ ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ ကုန်းကြမ်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၂၅)ကျောင်းတို့တွင် ဝါဆိုကပ် တော်မူကြသော လောက်ကိုင်မြို့နယ်အတွင်းရှိ ရဟန်း(၁၀၅)ပါး၊ သာမဏေ(၃၀၃)ပါး၊ သီလရှင် (၄၀)ပါး၊ ချင်းရွှေဟော်မြို့အတွင်းရှိ ရဟန်း(၆)ပါး၊ သာမဏေ(၁၈)ပါးနှင့် ကုန်းကြမ်းမြို့နယ်အတွင်း ရဟန်း(၂၅)ပါး၊ သာမဏေ(၈၈)ပါး၊ စုစုပေါင်းရဟန်း(၁၃၆)ပါး၊ သီလရှင်(၄၀)ပါး၊ သာမဏေ (၄၀၉)ပါးတို့အတွက် ရဟန်းတစ်ပါးလျှင်တရုတ်ယွမ်ငွေ(၁၀၀)၊ သာမဏေတစ်ပါးလျှင်(၅၀)ယွမ်၊ သီလရှင်တစ်ပါးလျှင်(၅၀)ယွမ် ဝါဆိုသင်္ကန်း အလှူတော်ငွေ (၃၆၀၅၀)ယွမ်နှင့် ဒေသအတွင်းရှိ ကျောင်းတိုက်အသီးသီးသို့ ဝါဆိုသင်္ကန်း(၅၉)စုံတို့အား  ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သာသနာပြု(ဗဟို) ခေါင်းဆောင်ဆရာတော် လောက်ကိုင်မြို့ မဟာမုနိ(ဗဟို)ထေရဝါဒ‌ ဗုဒ္ဓသာ သနာပြုကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်၊ သဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ၊ သာသနတက္ကသီလဓမ္မစရိယ (B.A) (Buddhism)ဘဒ္ဒန္တရာဇိန္ဒမဟာထေရ်မြတ်ထံမှ အနုမောဓနာတရားနာကြားပြီး လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံစိရံတိဌတု ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား  အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရပါသည်။

နန်းမြမြဝင်း(ခရိုင်ပြန်/ဆက်)