May 13, 2024
စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်နှစ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်နှင့် ပါမောက္ခများ၊ ကထိကများ၊ ဆရာ ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
May 13, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ရှိ ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန (Medical SkillS, simulation and research center) တွင် ကျင်းပနေသေည့် အခြေခံအရိုးရောဂါ ခွဲစိတ်ကုပညာကျွမ်းကျင်မှုသင်တန်း (Basic Orthopaedic surgical skills course) အရိုးရောဂါ ခွဲစိတ်ကုသမှု လက်တွေ့ကျွမ်းကျင်မှု လေ့ကျင့် သင်ကြားနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးအားပေးပြီး သင်တန်းပို့ချလျက်ရှိသော အရိုးရောဂါပညာဌာနမှ ဆရာများနှင့် သင်တန်းတက်ရောက်လျက်ရှိသည့် ဆေးပညာမဟာသိပ္ပံ ကျောင်းသား ကျောင်းသူများကို တရင်းတနှီးတွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားသည်။
May 13, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်မည့်အခြေအနေ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
May 11, 2024
၂၀၂၄ ခုနှစ် မေ ၁၁ ရက်တွင် ထိုင်းနိုင်ငံဗန်ကောက်မြို့၌ ကျင်းပပြုလုပ်မည့် (၄၃)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီအထွေထွေညီလာခံသို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။
May 11, 2024
မြန်မာ့မွေးမြူရေးကဏ္ဍအတွက် တိရစ္ဆာန်အစာလိုအပ်ချက်ပမာဏကို ပြည်တွင်းကုန်ကြမ်းဖြင့် လုံလောက်စွာ ထုတ်လုပ်ပြီး ပြည်ပမှတင်သွင်းသည့် အစာကုန်ကြမ်းများ၏ အရည်အသွေး၊ ဈေးနှုန်းတို့နှင့် ယှဉ်ပြိုင်နိုင်မှုရှိစေရေး အထောက်အကူဖြစ်စေမည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်သော “မွေးမြူရေးအစာလိုအပ်ချက် အလုပ်ရုံဆွေးနွေးပွဲ”ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။
May 11, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Abhay Thakur အား ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 11, 2024
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ “International Day of the Midwife and International Nurses Day” အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (နေပြည်တော်) ဘက်စုံသုံးခန်းမကြီး၌ ကျင်းပသည်။
May 11, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
May 11, 2024
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur အား ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် အဆိုပါဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 11, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E.Mr.Mongkol Visitstump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 11, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ မေ ၉ ရက်မှ ၁၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur အား ယနေ့နံနက်ပိုင်းက နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅)တွင် လက်ခံတွေ့ဆုံသည်။
May 10, 2024
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် တောင်ဥက္ကလာပဒေသာအားကစားကွင်းသို့ရောက်ရှိပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မိမိဝါသနာပါရာ အားကစားကို လေ့လာလိုက်စားရာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်လက်ရွေးစင်များ ထွက်ပေါ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၌ ဖွင့်လှစ်လျက် ရှိသော အာကီဒို၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ ဘောလုံး၊ အလေးမ၊ လက်ဝှေ့၊ စားပွဲတင်တင်းနစ်၊ ကရာတေး၊ ဂျူဒို၊ အေရိုးဗစ် စသည့်အဆင့်မြင့်နွေရာသီအားကစား သင်တန်းများ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး သက်ဆိုင်ရာ အားကစားနည်းအလိုက် နည်းပြများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးကာ အားကစားကွင်း/ အားကစားရုံ သန့်ရှင်းသာယာလှပရေးနှင့်စပ်လျဉ်း၍ မှာကြားသည်။
May 10, 2024
အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEAN Secre-tariat) ၊ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အာဆီယံသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာကော်မတီ (ASEAN COSTI) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် “နည်းပညာလွှဲပြောင်းခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ-တရုတ် အလုပ်ရုံဆွေးနွေးပွဲ (ASEAN-China Workshop on Building Up Human Capital in Technology Transfer and Commercialization” ကို မေ ၉ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ Lotte ဟိုတယ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည်။
May 10, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ မုံခွန်းဝိစစ်စတန်အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 09, 2024
၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(ဘီ)ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
May 09, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး မစ္စတာ အင်မရန်ဟိုက်ဒါအား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 08, 2024
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပသည်။
