Skip to main content

နိုင်ငံရေးအတွေးအမြင် ဗဟုသုတရှိပါမှ……

ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံမှန်သရွေ့ ရွေးကောက်ပွဲလမ်းကြောင်းကို မလွဲမသွေဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။ အဲဒီကမှ တစ်ဆင့်ပြည်သူတွေကရွေးကောက်ခံအစိုးရနဲ့ ပြည်သူ့ကိုယ်စားလှယ် တွေကိုရွေးချယ်တင်မြှောက်ကြရတာဖြစ်ပါတယ်။ ဒီမိုကရေစီ ရင့်ကျက်တဲ့နိုင်ငံကြီးတွေက ပြည်သူအများစုကတော့ နိုင်ငံရေးရေချိန်မြင့်မားလေ့ ရှိကြပါတယ်။ မြန်မာနိုင်ငံဟာလည်း ပါတီစုံဒီမိုကရေစီစနစ်ကို လက်ရှိကာလတိုင် ကျင့်သုံးနေဆဲဖြစ်တဲ့အတွက် သာမန်ပြည်သူများအနေနဲ့ နိုင်ငံရေးအသိအမြင်ဗဟုသုတတွေရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးဆိုတာ ဘာလဲ၊ နိုင်ငံရေးသမားတို့ရဲ့ ရုပ်ပုံလွှာက ဘယ်လိုလဲ ဆိုတာကိုအကြမ်းဖျင်း နားလည်သဘောပေါက်ထားဖို့တော့ လိုတာပေါ့။
Subscribe to နိုင်ငံရေးအတွေးအမြင် ဗဟုသုတရှိပါမှ……