Skip to main content

မသန်စွမ်းသူများ၏ ဘဝအရည်အသွေးဖွံ့ဖြိုးရေး ဝိုင်းဝန်းဆောင်ရွက်ပေး

၁၉၈၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ကုလသမဂ္ဂ မသန်စွမ်းသူများဆိုင်ရာ ကမ္ဘာ့လုပ်ငန်းစဉ်တွင် မသန်စွမ်းသူများအား ကြိုတင်ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း အပြည့်အဝပါဝင်ခွင့်နှင့် တန်းတူရပိုင်ခွင့်ရရှိမှုတို့ တိုးမြှင့်နိုင်ရန်အတွက် ကမ္ဘာ့ပထမဆုံးသော မသန်စွမ်းရပိုင်ခွင့်ကို အခြေခံသည့် ကမ္ဘာလုံးဆိုင်ရာ နည်းဗျူဟာချမှတ်နိုင်ခဲ့သည်။ ထိုသို့ ချမှတ်ခဲ့သောနေ့ကို အထူးပြုသောအားဖြင့် ၁၉၉၂ ခုနှစ် အောက်တိုဘာ ၁၄ ရက်က ကျင်းပသော (၄၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီး၏ ဆုံးဖြတ်ချက်အပိုဒ် (၄၇/၃) ဖြင့် နှစ်စဉ် ဒီဇင်ဘာ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day of Persons with Disabilities) အဖြစ် အတည်ပြုသတ်မှတ်လိုက်သည်။
Subscribe to မသန်စွမ်းသူများ၏ ဘဝအရည်အသွေးဖွံ့ဖြိုးရေး ဝိုင်းဝန်းဆောင်ရွက်ပေး