သန်းခေါင်စာရင်းကောက်တော့မည် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြဖို့လိုသည်
သန်းခေါင်စာရင်းကို ရှေးမြန်မာဘုရင်များ လက်ထက်က စစ်တမ်းအသွင်ဖြင့် စတင်ခဲ့သည်။ သို့သော် စစ်တမ်းတွင် လူဦးရေစာရင်းထက် မြို့ရွာအုပ်ချုပ်သူများ၏ မျိုးရိုးစဉ်ဆက်နှင့် အခွန်တော် အမျိုးမျိုးကိုသာ ဦးစားပေးဖော်ပြလေ့ရှိခဲ့သည်။ စနစ်တကျ လူဦးရေစာရင်းကောက်ခံမှုကို ဗြိတိသျှ အစိုးရလက်ထက် အောက်မြန်မာပြည်တွင် ၁၈၇၂ ခုနှစ် ညသန်းခေါင်အချိန်၌ စတင်ကောက်ယူခဲ့သည်။