ယနေ့ အဆိုအကအရေးအတီးပြိုင်ပွဲများကပေးနေသော ယဉ်ကျေးမှုအသိဉာဏ်
ယဉ်ကျေးမှုဟူသည်ကို သဘာဝကပေးထားသော အသိဉာဏ်ပညာတစ်ခုအဖြစ် မှတ်ယူပါသည်။ ထိုသဘာဝတရားကို လူတို့က ဖန်တီးယူလိုက်သောအခါ လူသားယဉ်ကျေးမှုဟူ၍ ဖြစ်လာသည်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအသီးသီးက ဖန်တီးရယူလိုက်သော ထိုယဉ်ကျေးမှုသည်ပင် သူတို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်သွားသည်။