ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုအတွက်သာမက ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံမှုအတွက်ပါ ဖြည့်ဆည်းပေးနေသည့် မြန်မာ့တောင်သူဦးကြီးများ
မြန်မာနိုင်ငံတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်းသည် မိရိုးဖလာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုဖြစ်ပြီး ခေတ်စနစ်များပြောင်းလဲလာမှုနှင့်အတူ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍတွင်လည်း ခေတ်စနစ်နှင့်အညီ တိုးတက်ပြောင်းလဲမှုများနှင့် စိန်ခေါ်မှုများစွာကို ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံတွင် ဆန်ကိုသာအဓိက စားသုံးကြခြင်းဖြစ်သဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအပါဆုံး ကောက်ပဲသီးနှံတစ်ခုဖြစ်ကာ လယ်ယာကဏ္ဍ၏ စိုက်ပျိုးမွေးမြူထုတ်လုပ်မှု လုပ်ငန်းစဉ်များသည် စားနပ်ရိက္ခာထုတ်လုပ်မှုအတွက်သာမက ကျေးလက်နေပြည်သူသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် အဓိကကျောရိုး လုပ်ငန်းကြီးဖြစ်သည်။